Local News

“ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေးအတွက် စိုက်ပျိုးရေးထွက်ကုန်၊ စားသောက်ကုန်များတွင်ပါဝင်သည့် ဓာတုဓာတ်ကြွင်းလျော့ပါးစေရေး အသိပညာပေးဆွေးနွေးပွဲ” ကျင်းပပြုလုပ်ခြင်း

Last Updated:

 

 

 

 

 

 

 

 

 

 

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ကကြီးမှူး၍ ရှမ်းပြည်နယ်အတွင်း ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေးအတွက် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကုန်သည်များနှင့်   စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းခန်းမ၌   “ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေးအတွက်  စိုက်ပျိုးရေး   ထွက်ကုန်၊    စားသောက်ကုန်များတွင်ပါဝင်သည့် ဓာတုဓာတ်ကြွင်းလျော့ပါးစေရေး အသိပညာပေးဆွေးနွေးပွဲ” ကို ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါဆွေးနွေးပွဲသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ စီးပွားရေးရာဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊  ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၊ ရှမ်းပြည်နယ်အတွင်းရှိ ကုန်သည်လုပ်ငန်းရှင်များ၊ အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ၊ တောင်သူအစုအဖွဲ့များ၊ စီးပွားရေးလုပ်ငန်းရှင်များ စုစုပေါင်း ၁၄၃ ဦး တက်ရောက်ခဲ့ပါသည်။ 

ပြည်ပပို့ကုန်သီးနှံများထွက်ရှိသည့် ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် စိုက်ပျိုးရေးထွက်ကုန်ကဏ္ဍမှ ပြောင်း၊ ပဲအမျိုးမျိုး၊ သစ်သီးဝလံနှင့် စားဖိုဆောင်သီးနှံများ ပြည်ပသို့တင်ပို့ရောင်းချလျက်ရှိရာ အဓိကထွက်ရှိသည့် စိုက်ပျိုးရေးထွက်ကုန်များအနက် ထောပတ်သီးများကို တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ တင်ပို့ခွင့်သဘောတူညီချက် စာချုပ်လက်မှတ်ရေးထိုးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ပို့ကုန်မြှင့်တင်ရေးအတွက် ပိုးသတ်ဆေးဓာတ်ကြွင်းလျော့ပါးစေရေးမှာ အရေးကြီးကြောင်း၊ ထုတ်ကုန်များအား ပိုးသတ်ဆေးဓာတ်ကြွင်းပမာဏပါဝင်မှု သတ်မှတ်ချက်များနှင့်အညီ ထုတ်လုပ်တင်ပို့နိုင်ပြီး တန်ဖိုးမြှင့်ထုတ်ကုန်များ တိုးချဲ့ထုတ်လုပ်နိုင်ရေးအတွက် ကြုံတွေ့ရမည့် အခက်အခဲများ၊ စိန်ခေါ်မှုများ၊ အားနည်းချက်၊ အားသာချက်များကို ဖော်ထုတ်ဆွေးနွေးနိုင်ခဲ့ပါသည်။ အစိုးရနှင့်ပုဂ္ဂလိက ကဏ္ဍအတူတကွ ပူးပေါင်းဆွေးနွေး ဖြေရှင်းဆောင်ရွက်ခြင်းဖြင့် စိုက်ပျိုးထုတ်လုပ်သူတောင်သူများ၊ လုပ်ငန်းရှင်များ၊ ပို့ကုန်လုပ်ငန်းများအတွက် လူမှုစီးပွားဘဝတိုးတက်ရေးအတွက် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ဆွေးနွေးပွဲကို ၁၇:၅၀ အချိန်တွင် အောင်မြင်စွာ ကျင်းပပြီးမြောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

ပြည်တွင်းကုန်သွယ်မှုဌာနခွဲ

                                                                                 မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့

Category: Local News